ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊တပ်ရင်း ၂၅၀ ကျော်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် တည်ထောင်တဲ့ တစ်နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီလိုထုတ်ပြန်ခဲ့တာပါ။
PDF တစ်နှစ်မြောက်အချိန်မှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ စည်းကမ်းတွေကို တိကျစွာလေးစားလိုက်နာပြီး အမိန့်နာခံမှု အားကောင်းကာ ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးတဲ့အပြင် မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း (၂၅၀) မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ဒါ့အပြင်
ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့နဲ့ မြို့ပြပြောက်ကျား အဖွဲ့ (၄၀၀) ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။
မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ဖို့ PDF ဖွဲ့စည်းတည်ထောင်ကြောင်း မကြေညာမီ အစောပိုင်းကာလတွေ ကတည်းကပင် လူငယ်တွေဟာ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို စနစ်တကျဆည်းပူး သင်ယူကာ လေ့ကျင့်ပြင်ဆင်နေခဲ့ကြပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိစုဖွဲ့ထားရှိပြီးတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေအပြင် ပြည်သူ့ခုခံ တွန်းလှန်စစ်မှာ ပါဝင်ဆင်နွှဲနိုင်ဖို့ စစ်ပညာကို အပတ်တကုတ် ဆည်းပူး ပြင်ဆင်နေကြသူ အများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။