စစ်အုပ်စုယာဉ်တန်းကို CDF-Mindat ကြားဖြတ်တိုက်ခိုက်

ဓာတ်ပုံ- CDF-Mindat
ချင်းပြည်နယ် မတူပီကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၇၃စီးပါ ယာဉ်တန်းကို CDF-Mindatက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့ CDF-Mindatက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၄ရက်နေ့ ၃နာရီခွဲလောက်က စတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂နာရီကျော်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ CDF-Mindat တပ်ဖွဲ့ဝင်တွေကတော့ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ CDF-Mindatရဲ့ ဗျူဟာမှူးရဲ့ သတင်းပေးပို့ချက်အရ CDF-Mindatက သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ မတူပီ-မင်းတပ်လမ်း ၄၅မိုင်မှာ ညအိပ်ရပ်နားဖို့ ပြင်ဆင်နေပြီး နောက်ရက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။
မတူပီနဲ့ မင်းတပ်ကြားမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းတွေကို CDF-Mindatနဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုဟာ ၃ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။