ရွှေပြည်သာ ၉ရပ်ကွက်ရုံး ပစ်ခတ်ဖောက်ခွဲခံရ

ဒီနေ့မနက်၅နာရီကျော်လောက်မှာ ရွှေပြည်သာမြို့နယ်၊၉ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ဖောက်ခွဲခဲ့ တယ်လို့ သိရပါတယ်။
ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရှိသေးဘူးလို့ ရွှေပြည်သာမြို့နယ်ကာကွယ် ရေးတပ်ဖွဲ့ကဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
၉ရပ်ကွက်ရုံးတိုက်ခိုက်ခံရမှုဟာ ပြင်းထန်မှုမရှိကြောင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
‘မနက်က ဈေးထဲမှာကြားရတာကတော့ နှစ်မျိုးဖြစ်နေတယ်။တစ်မျိုးက ရပ်ကွက်ရုံးမှာ ညဘက် အိပ်တဲ့လူမရှိလို့ လူထိခိုက်မှုမရှိဘူးလို့ပြော တယ်။နောက်တစ်မျိုးကျတော့ လူရှိတယ်။သိပ်မပြင်းထန်လို့ ထိခိုက်မှုမရှိဘူးပြောတယ်’လို့ သူကပြောပါတယ်။
၉ရပ်ကွက်ရုံးတိုက်ခိုက်ခဲ့တဲ့ မြို့ပြပြောက်ကျားရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။