ရွှေဘို သွေးသောက်လို့ ဆိုသူတစ်ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ အမှတ် ၆ ရပ်ကွက်နေ ကမ္ဘာကြီး လို့ခေါ်တဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူကို ရွှေဘိုမြို့ ကားကြီးကွင်းအနီးမှာ ရွှေဘိုယမ်းဘီလူးအဖွဲ့နဲ့ မဟာမိတ် ShweBo Defense Force (SBDF) တို့က ရှင်းခဲ့တယ်လို့ ယမ်းဘီလူးအဖွဲ့က ထုတ်ပြန်ပါတယ်။
သွေးသောက်အဖွဲ့ဝင်ဆိုတာ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးပေါ် အသေခံပေးရမယ့်သူတွေဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တွေလိုလည်း ငွေကြေးအခွင့်အလမ်းမရှိဘူးလို့ ရွှေဘိုမြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘ပျူတွေက စစ်တပ်နဲ့အတူ ရွာတွေထဲ ဝင်လုလို့ရတဲ့ အခွင့်အရေးရှိတယ်။အခုသွေးသောက်ဆိုတာက အဲလို အခွင့်အရေးလည်းမရှိဘဲ ပြည်သူတွေကို လိုက်သတ်ခိုင်းတာ။အဲဒါကို စာမတတ်တော့ နားမလည်ဘဲ သွေး သောက်ကွဆိုပြီး လူသိစေချင်တဲ့လူတွေလည်း ရှိတော့ ခံရတာပဲ’လို့ သူကပြောပါတယ်။
စစ်အုပ်စုရဲ့ သွေးသောက်ဆိုသူတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ယမ်းဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရှင်းလင်းခံရတဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူတစ်ဦး