ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီ

ဓာတ်ပုံ- လူမှုကွန်ရက်
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟားခါး-ဖလမ်းကားလမ်းပေါ်မှာရှိတဲ့ ရမ်ထလိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဒီကနေ့ မေလ ၄ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုက ရမ်ထလိုကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂ရက်နေ့မှာ ဟားခါးမြို့ကနေ ဖလမ်းမြို့ဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခု မနေ့က မေလ ၃ရက်နေ့ ညနေပိုင်းမှာ ဒုတ်ထစ်ကျေးရွာနဲ့ ချွန်ကျုံးကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အခုလို ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။