ဆားလင်းကြီးမှာ စစ်ကားတစ်စီး မိုင်းထိ

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ပျက်စီးသွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့ကွန်ပျူတာကျောင်းကနေ ထွက်လာတဲ့စစ်ကားကြီး၃စီးဟာ ဆားလင်းကြီးမြို့နယ် စမ္မာယ်အိမ်ယာအနီးအရောက် ချင်းတွင်းရိုးမနဲ့ မဟာမိတ်တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား တစ်စီးတည့်တည့်မိုင်းထိမှန်ခဲ့ကာ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဘူးလို့ ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။
‘မနက်စောစောစီးစီးဆိုတော့ အေးဆေးပဲဆိုပြီးစစ်ခွေးတွေထွက်လာတာထင်တယ်။PDFတွေက ၂၄နာရီ တိုက်ပွဲ ဝင်ချင်စိတ်ပြင်းပြနေတာ မသိလို့များလား။မိုင်းဆွဲခံရတဲ့နားက မိတ်ဆွေ ပြောပြတာကတော့ စစ်ကားတစ်စီး ပိုးစိုးပက်စက်မိုင်းထိတာဆိုတော့ အဲကားပေါ်ကပါလာတဲ့စစ်ခွေးတွေ မစားသာဘူး’လို့ ဆားလင်းကြီးမြို့ပေါ် နေ လူငယ်တစ်ဦးကပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကြောင့် ဒေသခံတွေ တိမ်း ရှောင်နေရတယ်လို့ ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစုကဆိုပါတယ်။