ကျောက်ဆည်မြို့လယ်မှာ စစ်အုပ်စုအဖွဲ့ဝင်တစ်ဦး အနီးကပ်အပစ်ခံရ

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် မြို့လယ်ခေါင်မှာ စစ်အုပ်စုရဲ့ ယူနီဖောင်းဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်အုပ်စုဝင်တစ်ဦး သေနတ်နဲ့ အနီးကပ် အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်အုပ်စုက စစ်သားတစ်ဦးကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့က ကျောက်ဆည်မြို့ ရဲစုရပ်ကွက် လမ်းမပေါ်မှာ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းစဉ်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးကို မထိခိုက်စေဘဲ အနောက်က ထိုင်လိုက်လာတဲ့ စစ်အုပ်စုဝင်ကိုသာ သေနတ်နဲ့ ၄ ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။