စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ ခင်ဦးမြို့နယ်အကြား ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေမှာ စစ်အုပ်စုနဲ့ ပတ်သတ်တဲ့ ကုန်ပစ္စည်းတွေကို မသယ်ဆောင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆေးဆောင်ရွက်နေပြီး စစ်အုပ်စုပိုင် Mytel Sim Card အသုံးပြုသူတွေကိုပါ အပြစ်ပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ Khin U Local Guerrilla Force (KUGF) က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ မေလ ၁ ရက်နေ့မှာ Khin U Local Guerrilla Force (KUGF) ၊နတ်ဆိုးပြောက်ကျား (ပ.က.ဖ)/ ၅/မဟူရာကျွဲရိုင်းအဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်ဆေးဆောင်ရွက်ခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စု ထုတ်ကုန်တွေကို သိမ်းဆည်းဖျက်ဆီးတာနဲ့ Mytel Sim Card အသုံးပြုသူတွေကို အပြစ်ဒဏ်ပေးတဲ့ လုပ်ငန်းတွေကိုပါ ဆောင်ရွက်ခဲ့တယ်လို့ KUGF က ဆိုပါတယ်။