“အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာသားကိုင်ဆောင် မုံရွာအမြင့်လမ်း ပင်မသပိတ်

Photo-မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ
ဒီနေ့ဟာ အလုပ်သမားထုရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ရင်းနှီးပေးဆပ်ခဲ့ပြီး ဖြစ်ပေါ်လာတဲ့သမိုင်းဝင် အလုပ်သမားနေ့ (မေဒေး) နေ့ဖြစ်တာကြောင့် မုံရွာအမြင့်လမ်း ပြည်သူလူထုက ဦးဆောင်ပြီး “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာသားကိုင်စွဲပြီး မုံရွာအမြင့် လမ်းတစ်နေရာမှာ ချီတတ်ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ဝန်းရံမှုနဲ့အတူပျောက်ကြားသပိတ်အနေနဲ့ ချီတတ်သပိတ်မှောက်ခဲ့ ကြတာပါ။
နွေဦးတော်လှန်ရေး ကာလတလျှောက်မှာ အလုပ်သမားထုဟာ အလုပ်သမား သမဂ္ဂတွေရဲ့ ဦးဆောင်မှုနဲ့ ဒီနေ့ဒီချိန်ထိမားမားမတ်မတ် ရပ်တည်နေကြဆဲဖြစ်ပြီး မြန်မာပြည်အလုပ်သမားထု တစ်ရပ်လုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ချီတတ်သပိတ်မှောက်ခဲ့ကြတာပါ၊