ရှမ်းနိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း NUG အစိုးရ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

Photo- လူမှုကွန်ရက်
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ လေးစားတန်ဖိုးထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တည်ထောင်သူနဲ့ ဥက္ကဌကြီးအဖြစ် ဦးဆောင်ခဲ့သူ ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီအရေးမှာ မြန်မာနိုင်ငံသားတွေ လေးစားရတဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းဟာ ရှမ်းတိုင်းရင်းသားတွေအတွက် သာမကဘဲ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဦးခွန်ထွန်းဦး (၇၉နှစ်) ဟာ ဧပြီ ၃၀ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ၉ မိုင်ရှိ သူ့ရဲ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးဟာ SNLD ပါတီဥက္ကဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ခံ ကိုယ် စားလှယ်တစ်ဦး၊ ဒုတိယ အာဏာရှင်သန်းရွှေ လက်ထက်မှာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။