စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကန်သာကုန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ Shwebo Daily News က သတင်းဖော်ပြထားပါတယ်။
မနေ့က ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ဆင်အင်းကျေးရွာ၊ မြင်စီးကျေးရွာတွေမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပူးပေါင်းပါဝင်တဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းတစ်ခုဟာ ကန်သာကုန်းကျေးရွာလမ်းအတိုင်း စစ်ကြောင်းထိုးလာတာပါ။
DUGF၊ ShweBo Fighter One၊ One Day Revolutiong Force၊ Fighter Dargon၊ Hero army Khin U၊ Brother Of lands Defence Forceအဖွဲ့နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အဲဒီစစ်ကြောင်းကို ဆီးကြိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၁၅ဦးခန့်သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး ညောင်ကိုင်းကျေးရွာကနေ စစ်ကူတွေပါ လာရောက်ခဲ့ချိန်မှာ ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။