စစ်အာဏာရှင်တွေကို ရာသက်ပန် တော်လှန်ခဲ့တဲ့ ရှမ်းဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဦးခွန်ထွန်းဦးဟာ ဒီနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ၉ မိုင်အိမ်မှာ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရပါတယ်။
ဦးခွန်ထွန်းဦး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌအဖြစ် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ‘တာဝန်ကျေပြီမို့ နှုတ်မဆက်ဘဲ ထွက်သွားလိုက်ပြီပေါ့ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး @ Noel’ လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ သီပေါမြို့နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၀၂ ခုနှစ်အတွင်းဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) မှာ SNLD ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။
ဒုတိယ အာဏာရှင် သန်းရွှေလက်ထက်မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရပါတယ်။