လာမယ့် G20 ညီလာခံမှာ ရုရှားသမ္မတပူတင်ကို မဖိတ်သင့်ဘူးလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက ပြောခဲ့ပါတယ်။
၁၇ကြိမ်မြောက် G20 ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၅ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုက “သမ္မတပူတင်နဲ့ ဆက်သွယ်ခဲ့တယ် ၊ ထိပ်သီးညီလာခံကို သူတက်မှာဖြစ်တယ်”လို့ ပြောပါတယ်။
သမ္မတပူတင်အနေနဲ့ လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကနေတဆင့် တက်ရောက်မလားဆိုတာကိုတော့ အတည်မပြုရသေးဘူးလို့ မော်စကိုအစိုးရပြောခွင့်ရ အရာရှိတဦးက ဆိုပါတယ်။
ဘာလီမြို့မှာကျင်းပမယ့် ထိပ်သီးညီလာခံကို ယူကရိန်းသမ္မတဇေလန်းစကီးကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ယူကရိန်းနိုင်ငံကတော့ G20 အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ယူကရိန်းသမ္မတ ဇေလန်းစကီးကိုလည်း ဖိတ်ကြားထားတယ်လို့ သမ္မတ ဝီဒိုဒိုက ပြောပြီး ဇေလန်စကီးကလည်း ဖိတ်ကြားမှုကို အလေးအနက်ထားကြောင်း သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားဖော်ပြထားပါတယ်။
ယူကရိန်းကို ကျုးကျော်စစ်ဆင်နွဲခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး G20 ကနေ ရုရှားကို အပြီးတိုင်ဖယ်ရှားဖို့ ထောက်ခံတဲ့နိုင်ငံတွေထဲမှာ အမေရိကန်လည်း ပါဝင်ပါတယ်။