စစ်ကားအစီး၃၀ကျော် ရေဦးရောက်ရှိ၊စစ်ရေးအခြေအနေတင်းမာနေ

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ထဲ အကြမ်းဖက်စစ်ကားအစီး ၃၀ကျော်ရောက်ရှိနေတဲ့အတွက် စစ်ရေးအခြေအ နေတင်းမာနေတယ်လို့သိရပါတယ်။
ဒီနေ့မနက် ၃နာရီခွဲလောက်က ခင်ဦးမြို့ကနေ ရေဦးမြို့နယ်ထဲကို စစ်ကား၃၄စီးဝင်ရောက်လာပြီး အခုတိုင်းရင်းဆေးရုံဝန်းထဲ အခြေပြုနေတယ်လို့ ပကဖ(ရေဦး)နဲ့ PDF(YEU)တို့က ဒီနေ့မနက် ၇နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။
မြို့နယ်အတွင်း စစ်ရေးအခြေအနေကိုအပြန်အလှန်တိုးမြှင့်ဆောင်ရွက်ကြမှာဖြစ်လို့ ပုဂ္ဂလိကပိုင် မော်တော်ကားတွေအနေနဲ့ ရေဦး-ညောင်လှလမ်းပိုင်းကို အသုံးပြုမှု ယာယီရပ်နားထားဖို့ ၊ရေဦး-တန့်ဆည်လမ်း၊ရေဦး-မုံရွာလမ်းပိုင်းတို့မှာ စစ်ကားတွေနဲ့ ကပ်ပြီး မောင်းနှင်တာ လုံးဝမပြုလုပ်ဖို့ ၊မြေပြင်အခြေအနေ ထူးခြားဖြစ်စဉ်ရှိပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့ထံ ချိတ်ဆက်သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ၊မြေပြင်သတင်းရယူပြီးမှ မောင်းနှင်သွားလာကြဖို့နဲ့ မေတ္တာရပ်ခံထားပါ တယ်။