မန္တလေးမြို့ သူရိယဆေးခန်းပိုင်ရှင်နေအိမ်နဲ့ ဆေးခန်းတွေကို ချိတ်ပိတ်

ဓာတ်ပုံ-လူမှုကွန်ရက်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းရဲ့ နေအိမ်နဲ့ သူရိယဆေးခန်း ၃ခန်းကို စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDMကျန်းမာရေးဝန်ထမ်းတွေကို လက်ခံထားတယ်ဆိုပြီး စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ဒေါက်တာအောင်အောင်ထွန်းရဲ့ နေအိမ်နဲ့ ဆေးခန်းတွေကို စစ်အုပ်စုက ဒီကနေ့ ဧပြီလ ၂၈ရက်နေ့မှာ လိုက်လံချိတ်ပိတ်ခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ဒေါက်တာအောင်အောင်ထွန်းနဲ့ သူပိုင်ဆိုင်ရာ သူရိယဆေးခန်းတစ်ခုအတွင်းမှာ ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးပြီးနောက် မိသားစုဝင်တွေကိုပါ ဆက်လက်ဖမ်းဆီးပြီး မန္တလေးနန်းတွင်း စစ်ကြောရေးမှာ ထိန်းသိမ်းပြီး စစ်ဆေးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။