ပခုက္ကူ-မြိုင်ကားလမ်းမှာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရ ကား ၁ စီး ပျက်စီးစစ်သား ၅ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နဲ့ မြိုင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ် သွားနေတဲ့ အကြမ်းဖက် စစ်အုပ်စု ယာဉ်တန်းကို မနေ့ကဧပြီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ပြောက်ကျား အဖွဲ့တွေမှ ပဒေသာမိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာစစ်ကား ၁ စီး မြောက်တက်သွားပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ PUGF က သတင်းထုတ်ပြန်ပါတယ်။
မိုင်းခွဲခံရပြီး ထိခိုက်ဒဏ်ရာရတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်တွေနဲ့လာ ရောက်သယ်ဆောင်နေပြီး ဒီနေ့ ဧပြီလ ၂၈ ရက်မနက် ၅ နာရီအထိ လူနာတင်ယာဉ်တွေအသွားအလာ ရှိနေသေးတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်အုပ်စုဘက်က အရာရှိ ၁ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို PUGF နဲ့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
Crd- ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့