ဒေါ်အောင်ဆန်းစုကြည် ဘာလို့ အယူခံဝင်ခဲ့တာလဲ?

Photo- AP
“သူမက ဥပဒေနဲ့အညီ( Law and rule ) အတိုင်း နေခဲ့သူဆိုတော့ ဥပဒေနဲ့မညီတာကို မညီဘူးလို့ အမြင့်ဆုံးတရားရုံးအထိ အယူခံ တက်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်း ကျန်ခဲ့ချင်လို့ပါ။” တရားရုံးနဲ့ နီးစပ်သူတဦးက DNA ကို ရှင်းပြပါတယ် ။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေနဲ့မညီ လုပ်ဆောင်တာကို ထင်ရှားစေချင်လို့ အယူခံဝင်ခဲ့တာ ဖြစ်ပြီး ရှေ့နေအဖွဲ့အနေနဲ့ ဥပဒေပြဌာန်းချက်အတိုင်း အားနည်းချက် မရှိဖို့ ဆောင်ရွက်ခဲ့တာ လို့ ပြောပါတယ်။
ဒီနေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နေပြည်တော် အထူးတရားရုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာပါ။
ဒီလို အမိန့်ချမှတ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ပြီး ဥပဒေနဲ့မညီဘဲ အချက်လက်တွေ မှားယွင်းနေတယ်လို့ ပြောဆိုခဲ့တယ်လို့သိရပါတယ် ။