ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ အုပ်ကြီး ရှင်းလင်းခံရပြီးနောက် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနေ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်းမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးနေတယ်လို့ ဖျာပုံဧရာဗေဒါအဖွဲ့က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
“မနေ့ကတည်းက ကျုံကျိုက်ဘက်က မနဲဘူးခေါ်သွားတာ၊ ဒီနေ့စစ်ဖို့ ထပ်ခေါ်သွားတာ ကျုံကျိုက်ကချည်းပဲ ၆ ယောက်အနည်းဆုံးရှိပါတယ်၊ အစိမ်းဘက်က ဒလန်တွေက အရင်ကအငြှိးတွေနဲ့ NLD strong ဖြစ်တဲ့သူတွေကို လက်ညှိးထိုးဖမ်းခိုင်းနေတာပါ၊ အယောက် ၄၀ အထိ ဖမ်းမယ်လိုလဲ သတင်းတွေထွက်ပေါ်နေပါတယ်၊ အခုထိ အဖမ်းခံနေရတာ NLD ထောက်ခံသူတွေချည်းပဲလို့ သိရပါတယ်၊ မတရားဖမ်းစီးခံရတဲ့ ပြည်သူတွေကို ဘာအထောက်အထားမှမရှိပဲ တရားစွဲမယ်လို လဲကြားသိရပါတယ်” လို့ ဖျာပုံဧရာဗေဒါအဖွဲ့က ဆိုပါတယ်။
ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်မှာ ကျုံကျိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကို ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ပြီး ပျူစောထီးတွေနဲ့ပါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။