မန္တလေးမှ သပိတ်လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး တစ်လကြာတဲ့အထိ အဆက်အသွယ်မရသေး

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုမှ မတရားဖမ်းဆီးခံခဲ့ရတဲ့ Felix (ခ) ကျော်စွာဝင်းဟာ ဖမ်းဆီးခံရပြီး တစ်လကြာမြင့်သည်အထိ အဆက်သွယ်မရသေးကြောင်း မန္တလေးသပိတ်အင်အားစုက ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိချိန်ထိ မည်သည့်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရသေးဖူးလို့ ဆိုပါတယ်။ သူ့ရဲ့ကျန်းမာရေးနဲ့အသက် အန္တရယ်ကို မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
Felix (ခ) ကျော်စွာဝင်းဟာ ဖမ်းဆီးခံရချိန်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးဒေါင်ဒေါင်မြည် ကောင်းမွန်တဲ့ လူငယ်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းညှင်းပန်း နှိပ်စက်မှုကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုတွေကို စိုးရိမ်ကြောင်း မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားတာပါ။
ဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက် စစ်အုပ်စုအနေနဲ့ တာဝန်ယူ/တာဝန်ခံရမှာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။