ပဲခူးတိုင်း အင်းတကော်မြို့ အခြေစိုက် တပ်မ ၇၇လက်အောက်ခံ ခမရ (၁၀၅)၊ ခမရ (၁၀၇)တို့ရဲ့ ဂိတ်တဲနဲ့ ဦးပိုင်စက်မှုဇုန် အဝင်မှာရှိတဲ့ စစ်အုပ်စုရဲ့ လုံခြုံရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် PDFက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဧပြီလ ၂၅ရက်နေ့ ည ၈နာရီခန့်မှာ ပဲခူးခရိုင်တပ်ရင်းအမှတ်(၁) တပ်ခွဲ (၂) ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းထိမှန်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူတွေစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ပဲခူတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အုပ်စု ထောက်တိုင်တွေကို အရှိန်အဟုတ်မြင့် တိုက်ခိုက်သွားမယ်လို့ ပဲခူးPDFက ဆိုပါတယ်။