တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာ ဒီနေ့ ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းက အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်အတွင်းက လူငယ်၊ အမျိုးသမီး၊ LGBTနဲ့ ကျောင်းသူ/သားတွေ ပူးပေါင်းပြီး “Sanction Gas Revenues Now! USA – please sanction MOGE” ဆိုတဲ့ စာသားကိုင်ဆောင် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ MOGE ကနေ ဝင်ငွေအမြောက်အမြားရရှိနေပြီး အဲဒီငွေကို လူတစ်စု ကိုယ်ကျိုးစီးပွားနဲ့ ပြည်သူလူထုကို သတ်ဖြတ်ဖို့ လက်နက်ဝယ်ယူရေးမှာ အသုံးပြုနေကြတာမို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက အခွန်ဘဏ္ဍာများ မစီးဝင်အောင် ပိတ်ဆို့နိုင်ပါက တော်လှန်ရေးအတွက် အကျိူးရှိမှာလို့ ဆိုပါတယ်။