စစ်ကိုင်းမှာ စစ်ကားမိုင်းထိအသေအပျောက်များနိုင်

PHOTO-စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီးမှာ အကြမ်းဖက်စစ်ကား၂စီးကို ရှေ့ထွက်မိုင်း ၃လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအသေအပျောက်များနိုင်တယ်လို့သိရပါတယ်။
ဒီကနေ့မွန်းလွဲ ၁နာရီကျော်လောက်မှာ စစ်ကိုင်း-ရွှေဘို ကားလမ်းမပေါ် ၊စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီးမှာ ရွှေဘို ဘက်ကနေ စစ်ကိုင်းဘက် လာတဲ့ အကြမ်းဖက်စစ်ကား ၂ စီးကို စစ်ကိုင်းခရိုင် တပ်ရင်း(၃)ရဲ့ တပ်ခွဲတခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
စစ်ကားနှစ်စီးအနက် နောက်ကလာတဲ့စစ်ကား မိုင်းထိမှန်ခြင်းဖြစ်ပြီး ကားနောက်ပိုင်းပွင့်ထွက်သွားကာ အမိုးတွေပါ စုတ်ပြတ်သွားတဲ့အတွက် သေဆုံးထိခိုက်များနိုင်တယ်လို့ တာဝန်ရှိသူတဦးက ပြောကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကဖော်ပြပါတယ်။
စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေပြည်သူတစ်ဦးက ‘ကြားရတဲ့သတင်းက ခွေးကားတစ်စီး မိုင်းတည့်တည့်ထိတယ်တဲ့။ကားလည်းစုတ်၊ခွေးတွေလည်း စုတ်ပြတ်သွားတယ်တဲ့။ဘယ်လောက်သေသလဲ တော့ သတင်းမရသေးဘူး’လို့ ဆိုပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်သားတွေဟာသေနတ် ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။