စစ်ကြောင်းချီလာတဲ့ အကြမ်းဖက်တပ် တိုက်ခိုက်ခံရပြီး ၅ဦးသေ

မကွေးတိုင်း၊ပေါက်မြို့နယ်အတွင်း စစ်ကြောင်းချီလာတဲ့ အကြမ်းဖက်တပ်ကို တိုက်ခိုက်ခဲ့ရာစစ်သား ၅ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဧပြီ ၂၃ရက်နေ့မှာ ပေါက်မြို့နယ်၊ စသိန်းရွာဘက် အင်အား ၈၀လောက်နဲ့ စစ်ကြောင်းချီလာတဲ့ အကြမ်းဖက် စစ် တပ်ကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ Pakokku Generation Z ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပေါက်မြို့နယ်) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( မြိုင်မြို့နယ်)နဲ့ ပေါက် မဟာမိတ်တပ်ပေါင်းစု တို့ ပူးပေါင်းပြီး ၆နာရီ ကြာအပြန်အလှန် ပစ်ခတ်ခဲ့ရာ ဒဏ်ရာရအကြမ်းဖက်စစ်သား တွေလည်း အများအပြားရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပေါက်မြို့နယ်)က ဒီကနေ့ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။