မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တစ်နာရီလောက်ကြာ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပေါက်မြို့နယ် ၊ဇီးပြားရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား ၇၀ လောက်နဲ့ ညောင်ရင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိုင် PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ ထိထိမိမိ အပစ်ခံရတဲ့ စစ်သား ၂ ဦးသေပြီး မိုင်းဆွဲခံရမှုကြောင့် စစ်သားတော်တော်များများ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို မြိုင် PDF နဲ့ ပေါက်တောင်ပိုင်းတိမ်လွှာအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။