စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကိုးတောင်ဘို့ဒေသအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး ဖျက်ဆီးမှုတွေကြောင့် တောတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် မြွေဆိုးတွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်နေရပြီး မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်နေတယ်လို့ Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ကိုးတောင်ဘို့ရွာမ ၊ကွက်သစ်၊ပိ တောက်ခုံ၊ ကျွန်းကုန်း၊ ပေါက်ကုန်း၊ ကိုင်းမ၊ လျော်ဖြူကုန်း၊ ဇီးကနား ၊နှောကုန်း ၊ချပ်ကုန်း၊ မိဿလင်ကုန်းနဲ့ ရှားချောင်းကျေးရွာတွေ အပါအဝင် အနီးအနား ကျေးရွာ(၁၂)ရွာက ပြည်သူ(၂၀၀၀၀)ကျော်ခန့်ဟာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး ဖျက်ဆီးမှုတွေကြောင့် တောတောင်တွေထဲမှာ ဖြစ်သလိုတိမ်းရှောင်ရင်း မြွေကိုက်ခံရမှုတွေပါ ကြုံတွေ့လာနေရတာပါ။
မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို CDM ကျန်းမာရေးဝန်ထမ်းတွေက မြွေဆိပ်ဖြေဆေးတွေ ထိုးနှံပေးနေပေမယ့် ဆေးပြတ်လတ်မှုပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“စစ်ခွေးတွေဟာ ကိုးတောင်ဘို့ရွာမထိပ်က ကားလမ်းဘေးနေအိမ်တွေမှ ာတပ်ချနေထိုင်တဲ့အတွက် ကျေးရွာတွင်းတိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်ပါတယ်။ တချို့ရွာသားတွေ အိမ်ကိုအရဲစွန့်ပြန်ဝင်ကြပေမယ့်လည်း လက်နက်ကြီးသံတွေကြားရင် ပြန်ထွက်ပြေးလာကြရပါတယ်။
တောတောင် ၊လယ်ကွင်းတွေထဲမှာနေထိုင်ရင်း မြွေပွေးကိုက်ခံရသူ(၅)ဦးထိရှိလာပါပြီ။ သိုလှောင်ထားသော မြွေဆိပ်ဖြေဆေးအနည်းငယ်နဲ့ CDMဆရာဝန်၊ ဆရာမတွေကုသပေးမှုကြောင့် အသက်မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေးမရှိတော့တဲ့ အခြေအနေနှင့်ရင်ဆိုင်နေရပါပြီ”လို့ Kotaungbo Revolution KTB-Rက ဆိုပါတယ်။