လေသူရဲတွေရဲ့ အကြောက်တရားကြောင့် ကိုယ့်လူကိုယ် မှန်အောင်ဗုံးကြဲမိတာလို့ဆို

အကြမ်းဖက်စစ်တပ်ရဲ့လေသူရဲတွေဟာ စစ်ရေးပစ်မှတ်ထက် သူတို့အသက်မသေရေးကိုသာ ရာနှုန်းပြည့်စဉ်းစားတာ ကြောင့် ကိုယ့်လူ့ကိုယ် မှန်အောင် ဗုံးကြဲမိတဲ့အထိ ဖြစ်လာကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ခြေလျင်တပ်တွေဟာ လေကြောင်းပစ်ကူမပါဘဲ တိုက်ခိုက်နိုင်စွမ်းမရှိတော့ သလို လေကြောင်းပစ်ကူတွေကလည်း ကိုယ့်လူကိုယ် မှန်အောင်ပစ် နိုင်တယ်လို့ နာမည်ကြီးလာကြောင်း သူကပြော ပါတယ်။
‘ကိုယ့်ကိုယ်ကိုယ် Safe အရမ်းယူပြီးမှ အပေါ်ကနေ ဗုံးကြဲတဲ့အခါကျတော့ ပစ်မှတ်ကတော့ ကျိန်းသေနီးပါး လွဲတော့တာပဲ။ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကြဲရင် သူတို့လေယာဉ်ပစ်ချခံရမှာ ကြောက်တာကိုး’လို့ သူကဆက်ပြောပါတယ်။
တော်လှန်ရေး အင်အားစုက လေယာဉ်ကို ပြန်ပစ်ပြီဆိုတာနဲ့ ပိုင်းလော့က သူ့အသက်မသေရေးအတွက် အောက်ကလူတွေဟာ ကိုယ့်လူမှန်းမသိ သူ့လူမှန်းမသိနဲ့ ကြောက်အားလန့်အားနီးစပ်ရာ ပစ်ခတ် ဗုံးကြဲခဲ့လို့ ခြေလျင်ခြေမြန်တပ်တွေ ခံရပေါင်းမနည်းဘူးလို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။
ခြေလျင်ခြေမြန်တပ်တွေဟာ နောက်တန်းမှာ မိသားစုကျန်ခဲ့ပြီး မလွန်ဆန်နိုင်လို့ တိုက်ခိုက်နေရခြင်းဖြစ်နိုင်သလို လေတပ်စစ်သားတွေက သားမယားတွေနဲ့ နေ့ရက်တိုင်းလိုလို အတူနေထိုင်နေရပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ လည်းဆိုပါတယ်။