စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၉ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်မှာ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာနဲ့ ကြူခြံကျေးရွာအကြား အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဆက်လက်ပြီး မွန်းလွဲ ၁ နာရီကနေ ညနေ ၄ နာရီခွဲလောက်အထိ ပုလဲမြို့နယ်၊ ကြူခြံကျေးရွာ အနောက်ဘက်၊ ချင်ပြစ်ကျေးရွာအရှေ့တောင်ဘက်လောက်မှာ ထပ်မံထိတွေ့မှု ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၁၉ ရက်နေ့ ထိတွေ့မှု နှစ်ကြိမ်မှာ MRDA ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။