ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဧပြီ (၂၁) ရက်နေ့မှာ ကျရောက်မယ့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဟံသာဝတီဦးဝင်းတင် မိန့်ခွန်း “တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူးမူးလို့တောင် ရှူစရာမရှိဘူး ” ဆိုတဲ့စာသားစွဲကိုင်ကာ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး သပိတ်မှောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တော်လှန်ပြည်သူတွေ အနေနဲ့ ဒီနေ့ ဧပြီလ ၂၀ ရက် မနက်မှာ ၄၃၇ ရက်မြောက် သပိတ်စစ်ကြောင်းအနေနဲ့ အဆိုပါ စာသားကိုင်ဆောင်ပြီးလှည့်လည်ချီတက် ဆန္ဒပြခဲ့ကြတာပါ။