စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သတင်းရွာကို အကြမ်းဖက်စစ်အုပ်စုတွေ ဧပြီလ ၁၈ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၉၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Golden Triangle Force တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ကျေးရွာတွင်း နေအိမ် ၉၂ လုံးကိုလဲ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အားလုံးနီးပါး မီးလောင်ပြာကျ သွားခဲ့တယ်လို့ သိရပါတယ်။