မြစ်ကြီးနားမှာ ဓာတ်ဆီဈေး ရုတ်တရက်မြှင့်တက် ဆိုင်အချို့ပိတ်၊ ဆိုင်အချို့ တန်းစီဝယ်ယူနေရ

မြစ်ကြီးနားမြိုမှာ စက်သုံးဆီ အဝင်မရှိတော့တာကြောင့် ဓာတ်ဆီဈေးနှုန်း မြှင်တက်လာပြီး ဆိုင်အချို့ ပိတ်ထားရသလို ဖွင့်တဲ့ဆိုင်တွေမှာ အလုအယက် တန်းစီဝယ်ယူနေရတယ်လို့ The 74 Media က ဖော်ပြထားပါတယ်။
ဓာတ်ဆီ ၉၂ တစ်ဂါလံဈေးနှုန်း အရင်နေ့ထက် ၁,၁၀၀ ခန့်မြှင့်တက်သွားပြီး လက်ကျန်ဆီကုန်သည်ထိပဲ ရောင်းချပေးနိုင်မယ်လို့ ဆီဆိုင်အချို့က ဆိုပါတယ်။
ဆီဈေးနှုန်း ၈၆၀၀ ကျပ်ကနေ ဈေးရုတ်တရတ်မြင့်တက်သွားခဲ့ပြီး မနေ့က ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းမှာ ၉၅၀၀ ကျပ်နဲ့ရောင်းချခဲ့သလို မွန်းလွဲပိုင်းမှာ ၉၇၀၀ ကျပ် ရောက်ရှိသွားပြီးအမြင့်ဈေးနဲ့ တန်းစီဝယ်ယူနေရတာပါ။ ဖားကန့်မြို့က ဓာတ်ဆီဆိုင်တွေမှာလည်း ဆီပြတ်လပ်‌နေတာကြောင့် ဒေသခံပြည်သူတွေ လုယက်ဝယ်ယူနေရတယ်လို့ သိရပါတယ်။
Source- The 74 Media