စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ လူစည်ကားရာဈေးတစ်ခုမှာ ဖက်ဆစ်သင်္ကြန်ကိုလက်မခံကြဖို့ ဒီနေ့မနက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ရဲဘော်တွေဟာ ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားတဲ့စျေးတစ်ခုဆီ သွားရောက်ပြီး ‘ဖက်ဆစ်သင်္ကြန် တို့လက်မခံ’
ဆိုတဲ့စာသားကိုကိုင်စွဲကာ ဆန္ဒပြခဲ့ကြကြောင်းမုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကထုတ်ပြန်ပါတယ်။
မကြာမီကျရောက်တော့မယ့် မြန်မာ့အတာသင်္ကြန်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲအနေနဲ့ မကျင်းပဘဲ အာဏာရှင်ကိုတော်လှန်နေမယ့်တော်လှန်သင်္ကြန်အဖြစ်သာပါဝင်ပေးကြဖို့၊စစ်အုပ်စုကပြုလုပ်တဲ့ ရေကစားမဏ္ဍပ်တွေမှာသွားရောက်ရေမကစားကြဖို့နဲ့ အာဏာရှင်တော်လှန်ရေးလမ်းစဉ်တွေမှာ ပြည်သူသည်သာအဓိကဖြစ်တာမို့ ပြည်သူလူထုတစ်ရပ်လုံးပူပေါင်းပါဝင်ပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရပါတယ်။