သင်္ကြန်ရက်အတွင်း မန္တလေးမှာ စစ်ရေးအရှိန်မြှင့်မယ်

သင်္ကြန်ရက်အတွင်း မန္တလေးမြို့မှာ စစ်ရေးအရှိန်မြှင့်တင်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုက ကျင်းပတဲ့သင်္ကြန်ပွဲတော်ကို ပါဝင်မဆင်နွှဲဖို့ Dragon Rangers Mandalay—DRM က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးမြို့အတွင်းမှာ နေရာအနှံ့ပစ်ခတ်တာ ဖောက်ခွဲတာတွေကို ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် စစ်အုပ်စု ရေကစားရာနေရာတွေနဲ့ စစ်အုပ်စုရှိရာနေရာတွေကို သွားလာတာ မလုပ်ဆောင်ဖို့ Dragon Rangers Mandalay—DRMက သတိပေးထားပါတယ်။
“ကျွန်တော် တို့အားလုံးရဲ့ ပေတရာပေါ်မှာ စီးခဲ့ရတဲ့ သွေးများအား သင်္ကြန်ရေနဲ့ မဆေးကြောနိုင်ပါ ။ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီ ၏ အတုအယောင် ”အပျော်သင်္ကြန် ” ကို မေ့ဖျောက်ပြီး DRM မှ တော်လှန်ရေးသင်္ကြန် အဖြစ်ပြောင်းလဲကာ စစ်ခွေးသွေးများဖြင့် ခြေဆေးသွားပါမည်”လို့ Dragon Rangers Mandalay—DRM က ဖော်ပြထားပါတယ်။