စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ကားသမား ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်လို့ အကြောင်းမဲ့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ အင်းတော်မြို့ကနေ ကြက်သွန်အိတ်၊ ငါးခြောက်ဗူးနဲ့ စားသောက်ကုန်တွေကို တင်ဆောင်ကာ မြစ်ကြီးနားမြို့ဘက်ကို မောင်းနှင်လာတဲ့ ကားနှစ်စီးကို စစ်အုပ်စုက တားဆီးစစ်ဆေးကာ အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကားသမား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး စစ်အုပ်စုသတင်းပေးတွေက မှားယွင်းသတင်းပေးတာကြောင့် အခုလို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။