နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်တွင်းက အကျဉ်းသားတွေ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပုံရိပ်တွေကို ရေးဆွဲထားတဲ့ Sketch ပန်းချီတွေကို ဒီကနေ့ ဧပြီလ ၇ရက်နေ့မှာ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထောင်နှင့်ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးခံထားတဲ့ အင်းစိန်ထောင်ကနေ ခိုးထုတ်လာတဲ့ Sketch ပန်းချီ ဆယ့်လေးပုံရှိတယ်လို့ ဖော်ပြထားပါတယ်။
အပြာရောင်မှင်နဲ့ရေးဆွဲထားတဲ့ အဲဒီပန်းချီတွေဟာ အမျိုးသားအကျဉ်းသားတွေ ရေခပ်ဖို့တန်းဆီနေကြတာ ၊ ပူပြင်းတဲ့ကြမ်းပြင်ပေါ်မှာ လှဲလှောင်းနေတာ စကားပြောနေတာ စတဲ့နေ့စဉ်ဘဝဖြတ်သန်းမှုကို ပုံဖော်ထားတာလို့ ဆိုပါတယ်။
ပန်းချီဆရာဟာ အဲဒီပန်းချီတွေကို ၂၀၂၁ခုနှစ် ဧပြီလကနေ ဇူလိုင်လအတွင်း ရေးဆွဲခဲ့တာဖြစ်ပါတယ်။