သက္ကလမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတဦးကို ပြန်လွတ်ပေ

PHOTO-Kawa Information
ပဲခူးတိုင်း၊ သက္ကလမြို့ပေါ် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတစ်ဦးကို မနေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ဧပြီ ၅ ရက်နေ့၊ည ၁၀ နာရီလောက်မှာ သက္ကလမြို့ပေါ် စစ်အုပ်စု စီးနင်းလာတဲ့ကားကို ကဝ PDF က အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်ခံရတဲ့နေရာနဲ့ နှစ်ခြံကျော်မှာရှိတဲ့ မိတ္တူဆိုင်က ကိုဖိုးခွားဆိုသူကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်တာပါ။
‘အခုအဖမ်းခံရသူက တက်ကြွလှုပ်ရှားနိုင်ငံရေးသမားမဟုတ်ဘူး။ အခင်းဖြစ်ပွားရာ အနီးက ဆန္ဒတောင်မပြဖူးတဲ့ ပြည်သူပါ’လို့ သက္ကလမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ဆန္ဒတောင်မပြဖူးတဲ့ အပြစ်မဲ့ ပြည်သူတစ်ဦးဖြစ်ကြောင်း Kawa Information ကလည်း ဆိုပါတယ်။
‘စစ်ခွေးတွေက ဘာပြဿနာမှမဖြစ်တဲ့ အချိန်မှာလည်း အကြောင်းပြဖမ်းပြီး ငွေတောင်းခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်လေ။ အဲဒါကြောင့် အခုဖမ်းတာက ငွေညှစ်ချင်လို့ မဟုတ်ဘူးထင်တယ်။ တိုက်ခိုက်ခံရလို့ စစ်ခွေးတွေ အပေါ်ကဖိအားလွတ်အောင် အဖမ်းပြတယ်ထင်တယ်’ လို့ သူကပြောပါတယ်။
အခုလို မဆီမဆိုင် တွေ့ရာလူကို ဖမ်းဆီးမှုကြောင့် သက္ကလမြို ပြည်သူတွေက ဘာမှမဆိုင်တဲ့ပြည်သူကို ဖမ်းဆီးတဲ့အပေါ် ကျယ်ကျယ်လောင်လောင် ကန့်ကွက်မှုတွေ ထွက်ပေါ်လာပြီးနောက် ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ထဲ စစ်အုပ်စုစီးနင်းလာတဲ့ကား၊ ကဝမြို့ ငါးထပ်ကြီးဘုရားလမ်းထိပ်ရှိ ကင်းဂိတ်နဲ့အုန်းနှဲကျေးရွာ ကင်းဂိတ်တို့ကို မနေ့ညပိုင်းမှာ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့ပေမယ့် ပြည်သူတွေ ရှိနေတာကြောင့် ရလဒ်လွဲချော်ခဲ့တယ်လို့ ကဝ PDF က ထုတ်ပြန်ထားပါတယ်။
ပုံစာ-အသံတိတ်သပိတ် သက္ကလမြို့တွင်းတစ်နေရာ