လေးကေ့ကော် လေးကေ့ကော်ဒေသအနီးမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို စနိုက်ဘာအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး စစ်အုပ်စုဘက်က ၂ဦးသေဆုံးသွားတယ်လို့ Cobra Column က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၅ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လေးကေ့ကော်ဒေသအနီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို Cobra တပ်ဖွဲ့ စနိုက်ဘာတွေက ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
မြဝတီ-ဝေါ်လေ ကားလမ်းအနီးမှာ စစ်ရေးလှုပ်ရှားနေတဲ့ Cobra စစ်ကြောင်းကို ဧပြီလ ၄ရက်နေ့ ည၇နာရီလောက်က လေးကေ့ကော်ဒေသမှာရှိတဲ့ စွယ်တော်ကုန်း (အမြှောက်ကုန်း)ကနေ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါသေးတယ်။
Cobra စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့ သိရပါတယ်။