ရဲတမန်ကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီးလင်မယား ရှင်းလင်းခံရ

Photo- လူမှုကွန်ရက်
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုကျေးရွာအုပ်စု ရဲတမန်ကျေးရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး လင်မယားကို သာယာဝတီ PDFက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၅ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁က သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး သေနတ်ကျည် ၄ချက်ထိမှန်ကာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရှင်းလင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး လင်မယားဟာ ကျေးရွာမှာရှိတဲ့ ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ် ဒုက္ခပေးနေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်