“စစ်ကျွန်ပညာရေး အလိုမရှိ” ခေါင်းစဉ်နဲ့ ကျောင်းသားယူနီဖောင်းဝတ်ပြီး ဆန္ဒပြ

Photo – GSCB
ဒီနေ့ ဧပြီလ ၅ ရက်နေ့က ထားဝယ်ခရိုင် လောင်းလုံးမြို့အတွင်း “စစ်ကျွန်ပညာရေး ဖြိုဖျက်ကြ ပြည်သူ (သခင်) ပညာရေး ထူထောင်ကြ” ခေါင်းစဉ်နဲ့ ကျောင်းသား ယူနီဖောင်းတွေဝတ်ပြီး လောင်းလုံးမြို့နယ် အ‌ခြေခံပညာကျောင်းသားတွေ လမ်းပေါ်ထွက်လာခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စု ကျင်းပနေတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ လေးရက်မြောက်နေ့မှာ စစ်အုပ်စုတပ်တွေ ကင်းပတ်လှည့်လည်နေတဲ့ကြားက လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး CDM ကျောင်းသားတွေ ၊ CDM ဆရာ/မ တွေ လူငယ်တွေ ပူးပေါင်းပြီး သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။