အဆုံးထိတိုက်မယ့် ငါတို့မြိုင် “စာသားကိုင်ဆောင်” ညသပိတ်ပြုလုပ်

Photo – BEGSC-MYAING
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနဲ့ ပြည်သူလူထု ပူးပေါင်းပြီး မနေ့က ဧပြီလ ၃ ရက်နေ့ညက “အဆုံးထိတိုက်မယ့် ငါတို့မြိုင်´´ ၊ “၈/သွေးတွေ ရဲရဲနီ စည်းလုံးမှုဖြင့် ချီတက်မည်´´ စတဲ့ စာသားကိုင်ဆောင်ပြီး ညသပိတ်စစ်ကြောင်း ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အရေးတော်ပုံအောင်မှ ကျွတ်လွတ်မယ့်သူတွေအတွက် ဘယ်တော့မှသွေးမအေးပဲ တော်လှန်ရေး စိတ်ဓာတ်အပြည့်နဲ့ အဆုံးသတ်ထိ တော်လှန်တိုက်ပွဲဝင်ကြဖို့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တိုင်း ကြောက်စိတ်ဝင်ပြီး အရှံးမပေးဖို့နှိုးဆော်ခဲ့ကြပါတယ်။