မန္တလေးကျုံးပတ်လည် မြို့ပြပြောက်ကျား စစ်ဆင်ရေး အားကစား လုပ်သူတွေကြောင့် မအောင်မြင်ခဲ့

ဒီနေ့ ဧပြီလ ၄ ရက်နေ့ မန္တလေးကျုံးပတ်လည် မြို့ပြပြောက်ကျားစစ်ဆင်ရေးမှာ ကျုံးပတ်လည် အားကစားလုပ်သူတွေကြောင့် မအောင်မြင်ခဲ့ကြောင်း မန္တလေးလက်နက်ကိုင် တော်လှန်ရေး အင်အားစုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးမြို့ ကျုံးပတ်လည်လမ်းကို ဧပြီလ ၄ ရက်နှင့် ၅ ရက်တွေမှာ မနက် ၅ နာရီမှ ၈ နာရီအထိ ၃ နာရီကြာ အသုံးမပြုရန် ကြေညာထားပေမယ့် အားကစားပြုလုပ်သူ၊ စက်ဘီးစီးသူ၊ သန့်ရှင်းရေးလုပ်နေသူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဗုံးတစ်လုံး သက်မဲ့ပြုလုပ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ကင်းပုန်းတွေ အထပ်ထပ်ချထားတဲ့ကြားမှ အသက်ရင်းပြီး တစ်ကိုယ်လုံးမှာ သံခြစ်ရာဆူးခြစ်ရာတွေနဲ့ ရအောင်ထိုးဖောက် ဝင်ရောက်ခဲ့သော်လည်း အားကစားပြုလုပ်သူတွေ အိမ်စီးကားနဲ့ အရပ်သား သန့်ရှင်းရေး ဝန်ထမ်းတွေ ရှိနေတာကြောင့် Cancle sign လုပ် ပြန်ဆုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
တပ်ပေါင်းစု ကြေညာချက်ကို ပြည်သူတချို့ မလိုက်နာလို့ မစ်ရှင်ဖျက်လိုက်ရသော်လည်း စစ်ကောင်စီတပ်များက ကြေညာချက် ထွက်လာပြီးနောက်ပိုင်း မြို့တွင်းလက်နက်ကြီးများ သယ်ဆောင်လှည့်လည်နေသည့်အပြင် ကျုံးဘေးတွင်လည်း ကင်းပုံးများနဲ့ စောင့်ကြည်နေခဲ့တယ်လို့သိရပါတယ်။
Credit – Mandalay Ranger Force – PDF