မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်မှာ မိုင်းဆွဲခံရပြီး အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရှင်မတောင်၊တောင်တက်လမ်းအတိုင်း ကားတစ်စီး၊ဆိုင်ကယ်၃စီးနဲ့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ရဲတို့ ကို ရေစကြိုPDF က မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ ရေစကြိုPDF ကထုတ်ပြန်ပါတယ်။
‘သတင်းရလို့ ကြိုစောင့်နေကြတာ။ကျွန်တော်တို့မှာ လက်နက်မပြည့်စုံပေမဲ့ ပြည်သူက ကိုယ့်ဘက်မှာရှိတော့ သတင်းရရှိမှုအားသာတယ်။နယ်မြေကျွမ်းတယ်။စိတ်ဓာတ်သာတယ်။အဲဒါတွေနဲ့ ချတာ’လို့ ရေစကြိုပြောက် ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ရမ်းသန်းပစ်ခတ်ခဲ့ရာ ရေစကြိုPDFရဲဘော်တွေ ထိခိုက်မှုမရှိဘူး လို့ သိရပါတယ်။