အကြမ်းဖက်စစ်တပ် ပြုလုပ်တဲ့ သင်္ကြန်ပွဲကို နည်းမျိုးစုံနဲ့ ပြင်းထန်စွာ တားမြစ်သွားမယ်လို့ ခရမ်းမြို့ပြတော်လှန်ရေးအဖွဲ့ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ် ပြုလုပ်မယ့် ခရမ်းမြို့ သင်္ကြန်မှာပြည်သူတွေ မပါဝင်ကြဖို့နဲ့ ရေစကားခြင်းနဲ့ ရေပက်ခံထွက်တဲ့လူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသူအဖြစ်သတ်မှတ်မယ်လို့ ဆိုသလို ကလေးတွေ ရေထွက်ကစားတာမျိုး မဖြစ်အောင် မိဘတွေက ထိန်းသိမ်းပေးကြဖို့လည်း သတိပေးထားပါတယ်။
ဒီနေ့အထိ ခရမ်းမြို့မှာ သင်္ကြန်မဏ္ဏပ် မဆောက်သေးပေမဲ့ အကြမ်းဖက်စစ်တပ်က မကြာမီ ဆောက်မယ်လို့ ကြားထားကြောင်း ခရမ်းမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
‘ဆောက်မယ်လို့တော့ ကြားပါတယ်။ အခုတော့မဆောက်သေးပါဘူး’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်အေးချမ်းနေပြီး သင်္ကြန်ပွဲတော်ကိုတောင် ပျော်ပျော်ကြီး ဆင်နွဲနိုင်ကြောင်း ကမ္ဘာကို လိမ်လည်ပြသဖို့ သင်္ကြန်ပွဲကို စီစဉ်နေကြောင်း ခရမ်းမြို့ပြတော်လှန်ရေးအဖွဲ့က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်ကာလတွေက ခရမ်းမြို့ပေါ်ရှိ မီးသတ်ရုံးရှေ့၊ နာရီစင်ရှေ့နဲ့ ဆီဆိုင်နားတို့မှာ မဏ္ဏပ်ဆောက်ခဲ့ကြောင်း တက်ကြွလူငယ်က ပြောပါတယ်။