ရေစကြိုမှာ စစ်ကားတစ်စီး မိုင်းထိ၊ ၃ ဦး ပွဲချင်းပြီးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီလောက်မှာ ရေစကြိုမြို့နယ်၊ဆင်ချောင်းရွာနဲ့ ဇီးကုန်းရွာကြားမှာ အကြမ်းဖက်စစ်ကားနှစ်စီးကို မိုင်း ( ၂ ) လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။
စစ်ကား နှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးသွားပြီး သေဆုံး၃ ဦးအပြင် တချို့အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။မိုင်းမထိတဲ့ စစ်ကားက အကြမ်းဖက်စစ်သားတွေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ပုံစာ-ရေစကြို PDF တပ်ရင်း (၂) သင်တန်းဆင်းပွဲ