ရန်ကုန်မှာ အကြမ်းဖက်စစ်အုပ်စု တိုက်ဖျက်ရေး ချီတက် သပိတ်မှောက်

ဒီနေ့ မတ်လ ၂၉ ရက်နေ့မှာ “ဖက်ဆစ်ဝါဒ တိုက်ဖျက်ကြ ပြည်သူ့ဒီမိုကရေစီ တည်ဆောက်ကြ” ကြွေးကြော်သံတွေနဲ့ အကြမ်းဖက်စစ်အုပ်စု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ တစ်နေရာမှာ ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီနေ့သပိတ်မှောက်တာကို ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ Progressive Muslim Youth Association – PMYA၊ North Dagon Oppressed People’s Strike Coalition-NDOPSC နဲ့ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး ချီတက် သပိတ်မှောက်ကြတာလို့ ဆိုပါတယ်။