ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်ကြောင်း Chin Defence Force-Mindat (CDF-Mindat) က သတိပေးလိုက်ပါတယ်။
ဒီနေ့မှာ အကြမ်းဖက်စစ်သားရှေ့ပွိုင့်အင်အား ၇၀ လောက်ဟာ မင်းတပ်-မတူပီလမ်း ၂၃ မိုင်ကို ရောက်ရှိနေပြီဖြစ်ပြီး နောက်ယာဉ်တန်းဟာ ၂၁ မိုင်နဲ့ ၂၂ မိုင်လောက်ကို ရောက်နေပြီလို့ CDF-Mindat က ထုတ်ပြန်ပါတယ်။
မနေ့က အကြမ်းဖက် စစ်သားအင်အား ၃၀၀ လောက်ဟာ ၁၇ မိုင် ၀န်းကျင်မှာ ကျက်စားခဲ့ကြပေမယ့် ဘာလှုပ်ရှားမှုမှ မရှိခဲ့ပါဘူး။
မတ်လ ၂၆ ရက်နေ့က မင်းတပ် – မတူပီလမ်း ၁၆ မိုင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွာခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး လောက် သေဆုံးကာ CDF – Mindat ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး ။
မတ်လ ၂၃ ရက်နေ့က တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၈၀ ကျော်ဟာ မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်ကနေ ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို စတင်ထွက်ခွာလာခဲ့ပါတယ်။
အခုတစ်ခေါက် စစ်ယာဉ်တန်းမှ ာပါလာမှာ လက်နက်ခဲယမ်းတွေ ဖြစ်ဖို့များပြီး AA နဲ့ စစ်ရေးတင်းမာနေတာကြောင့် မတူပီမှာရှိတဲ့ တပ်ရင်းတွေကို အင်အားဖြည့်ပေးဖို့ ထွက်ခွာလာတာလို့ ယူဆရကြောင်း မင်းတပ် CDF ကခန့်မှန်းပါတယ်။
ပုံစာ-မင်းတပ်ဘက်ထွက်ခွာလာတဲ့တပ်