မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်း သဖန်းကိုင်းကျေးရွာဘက်ကို ဝင်ရောက်ဖျက်ဆီးလုယက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂၀ဦးနီးပါး သေဆုံးနိုင်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ မတ္တရာက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၇ရက်နေ့ မနက် ၁၀နာရီလောက်မှာ မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကား၅စီးကို သဖန်းကိုင်းကျေးရွာနဲ့ မြောင်းသစ်ကျေးရွာအကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်တာပါ။
အဲဒီနောက် နေ့လည် ၁နာရီခွဲလောက်မှာ မန္တလေးတူးမြောင်း အနောက်ဘက်ဘောင်အနီး ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးနိုင်တယ်လို့ မတ္တရာ ပကဖက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။