ဖျာပုံမြို့မှာ အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးဂိတ် ဖောက်ခွဲခံရ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီး ချောင်းတွင်းတံတားခြေဆင်းမှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၇ရက်နေ့ မနက် ၅နာရီ၅၅မိနစ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့နဲ့ မြို့အတွင်း အမည်မဖော်လိုတဲ့ တော်လှန်ရေးအဖွဲ့တစ်ခု ပူးပေါင်းပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေ ရောက်ရှိစည်ကားချိန်ဖြစ်တဲ့ မနက် ၇နာရီနဲ့ ၈နာရီခန့်မှသာ ဖောက်ခွဲဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ နည်းပညာချို့ယွင်းမှုကြောင့် မနက် ၅နာရီ၅၅မိနစ်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဗေဒါတပ်ဖွဲ့အနေနဲ့ မြို့နေတော်လှန်ရေးအင်းအားစုတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်အုပ်စုကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိမရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။