ဖရူဆိုခမရ(၄၂၈) တိုက်ခိုက်ခံရ၊အကြမ်းဖက်စစ်သားတွေ သေဆုံးနိုင်

ကယားပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဒီကနေ့နေ့ခင်းပိုင်းမှာ ဒေသခံကာကွယ် ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့ခင်း၁၁နာရီလောက်မှာ ဖရူဆိုPDF နဲ့ KA KNDF B0-4 တို့ဟာ ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖရူဆိုPDF ကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ ဖရူဆိုPDF နဲ့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါ တယ်။