တောင်တန်းမြေပြန့် အတူချီတက် ဖက်စစ်စစ်တပ် အမြစ်ဖြတ်” စာသားကိုင်ဆောင် ဆန္ဒပြ March 26, 2022 ဒေသအလိုက် သတင်းကဏ္ဍ Photo – GSCB ဒီနေ့မတ်လ ၂၆ ရက်နေ့မှာ ၄၁၂ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ကြောင်းသပိတ်ကို ကလေးမြို့လူထုက “တောင်တန်းမြေပြန့် အတူချီတက် ဖက်စစ်စစ်တပ် အမြစ်ဖြတ်” စာသားကိုင်ဆောင် ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြအပြီး အချိန်မှီ လူစုခွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Photo – GSCB ကလေးမြို့ဆန္ဒပြ
ဒေသအလိုက် သတင်းကဏ္ဍ PDF တွေကို live လွင့်ပြီး စိန်ခေါ်ခဲ့ဖူးတဲ့ လင်ဖြစ်သူနဲ့ဇနီး လဘ္ဘက်ရည်ဆိုင်မှာ ပစ်သတ်ခံရ July 11, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဇူလိုင် ၁၁ ရက်နေ့ ဒီနေ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ကလေးမြို့၊ ပင်လုံလမ်းမတော်ဘေးက ရနံ့သစ်လဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို လက်နက်ကိုင်တချို့ သေနတ်နဲ့ လာပစ်သွားတဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကလေးမြို့သူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်သူ ပိုမိုများပြားလာပြီးနောက် အိမ်ငှားခတွေ မြင့်တက် August 15, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကလေးမြို့တောင်ဘက်တကြောမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်လာသူတွေ ပိုမိုများပြားလာပြီး အိမ်ငှားခတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ မြို့ထဲရပ်ကွက်တွေမှာ ငှားမယ့်အိမ်တချို့ရှိပေမယ့် စျေးနူန်းက တလ ကျပ်တစ်သိန်းခွဲဝန်းကျင်ရှိတဲ့အပြင် သုံးလစာ၊ ခြောက်လစာ တစ်ခါတည်းပေးရတာမျိုးတွေဖြစ်နေလို့ စစ်ဘေးရှောင်တွေ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကလေးမြို့ အနောက်တောင်ပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေ June 14, 2022 ဒေသအလိုက် သတင်းကဏ္ဍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အနောက်တောင်ဘက်၊ဇီးချောင်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်ပိုင်းကနေစပြီး ရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာပါ။ လက်ရှိမှာရွာတွေကို မီးရှို့တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]