မင်းအောင်လှိုင်ကို အမှန်အတိုင်းရှုမြင်သင့်ပြီ

ဘယ်လိုမှ ပြောဆိုဖျောင်းဖျလို့မရ၊ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ အာဆီယံအထူးသံတမန်၊က မ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမစ္စတာ ပရက်ဆွန်ခွန်းရဲ့ မတ်လ၂၁-၂၃ရက်နေ့မြန်မာခရီးစဉ်ပြီးဆုံးခဲ့ပါ ပြီ။ မတ်လ ၂၃ရက်နေ့၊ကမ္ဘောဒီးယားပြန်ရောက်တဲ့အချိန်မှာပဲ ပရတ်ဆွန်ခွန်းက ဖနွမ်းပင်မှာ သတင်းထောက် တွေကို အခုလို သက်ပြင်း ချပြခဲ့တာတွေ့ရပါတယ်။

‘မြန်မာနိုင်ငံပြဿနာဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်ပါတယ်။ အာဆီယံအ ထူးသံတမန် တစ်နှစ်သက်တမ်း ဒါမှမဟုတ် အာဆီယံဥက္ကဋ္ဌသက်တမ်း တစ်ခုတည်းမှာ ပြီးမြောက်နိုင်တဲ့လုပ် ငန်း မဟုတ်ပါဘူး’တဲ့။

မြန်မာနိုင်ငံက မတူကွဲပြားတဲ့အဖွဲ့အစည်းတွေရဲ့အဓိကကျတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အ ဆင်သင့် မဖြစ်သေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ခဲ့တယ်လို့လည်းပရတ်ဆွန်ခွန်းကဆက်ပြောတယ်။ အ မှု ရင်ဆိုင်ဆဲကာလဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်အုပ်စုက သူ့ကို ပြောခဲ့ကြောင်းလည်းဆိုတယ်။

‘ကျနော်ရဲ့ ဒီခရီးစဉ်အပေါ် မျှော်လင့်ချက်တွေ အမျိုးမျိုးရှိကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူအားလုံးနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံ တာ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပုံမှန်အတိုင်း ပြန်လည် တည်ရှိနေတာကို မြင်တွေ့လိုကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်’လို့လည်း ပြောပါတယ်။

ပြောရရင် ပရတ်ဆွန်ခွန်းရဲ့ သတင်းစာရှင်းလင်းမှုဟာ အရင်သိပြီးသားကိစ္စတွေကိုပြန် ပြောပြသလို ဖြစ်နေပါတယ်။အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင် က သူ့ရဲ့ဇန်န ဝါရီ ၇ရက်နေ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဘာတိုးတက်ဖြစ်ထွန်းမှုမှ မရှိခဲ့တာ မှန်ကန်ကြောင်း ဖေဖေါ် ဝါရီ ၁၆ရက် နေ့မှာ  ဝန် ခံခဲ့ပြီးဖြစ်သလို အာဆီယံအလှည့်ကျဥ က္ကဌဖြစ်တာမှ ဘာမှမကြာသေး၊နောက်ထပ် ၁၀လကျော် ကျန် သေး တာ တောင် မြန်မာ့အရေးကို စောစောစီးစီးပဲ လက်လျှော့လိုက်ပြီလို့ ညည်း ချင်းချခဲ့ပြီး သားဖြစ်ပါတယ်။

အဲဒါကိုပဲ နည်းနည်းဖြင့်မျှော်လင့်လို့ရနိုင်မလားဆိုတဲ့စိတ်နဲ့ပဲလား။အာဆီယံအထူးသံရဲ့တာဝန်အရပဲ လား၊အပေါင်းပြရလဒ် နည်းနည်းကလေးတောင်မထွက်ပေါ်လာနိုင်ဘူးလို့ အများကကြိုတင်ဟောကိန်းထုတ် ပြီးသားကို ပရတ်ဆွန်ခွန်းကသွားရောက်ခဲ့တာပါ။

တွေ့ဆုံဆွေးနွေးရေးအတွက်အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘူးဆိုတာ အားလုံး ကသိပြီးသား။NUGအစိုးရနဲ့တွေ့ဆုံခွင့်ပြုဖို့ ပရတ်ဆွန်ခွန်းက စစ်အုပ်စုထံခွင့်ပြုချက်တောင်းရာမှာ မင်းအောင် လှိုင်က ပယ်ချခဲ့ပြီးသား။မြန်မာနိုင်ငံကိုလာချင်လာ၊ငါတို့တွေ့ခွင့်ပြုတဲ့လူတွေနဲ့တွေ့ပြီးပြန်လို့ စစ်အုပ်စုကမ ပြောရုံတမယ် သိပြီးသားကိစ္စကို ပရတ်ဆွန်ခွန်းက မရောက်ရောက်အောင်သွားခဲ့ခြင်းဖြစ်ပါတယ်။

ပရတ်ဆွန်ခွန်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့သလို‘ကျနော်ရဲ့ ဒီခရီးစဉ်အပေါ် မျှော်လင့်ချက်တွေ အမျိုးမျိုးရှိကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်…..’ဆိုတာ ကိုယ့်ကိုယ်ကိုယ်ဟန်လုပ်ပြောခဲ့တဲ့စကားပါ ။ဘယ်သူကမှ အထူးသဖြင့် မြန်မာပြည်သူတွေက ပရတ်ဆွန်ခွန်းရဲ့ခရီးစဉ်အပေါ် ဘာဆိုဘာမှအပေါင်းပြမျှော် လင့်ချက်လုံးဝမရှိခဲ့သလို လာမှာကိုလက်မခံလို့ ကန့်ကွက်ခဲ့ကြတာ အားလုံးမျက်မြင်ပါပဲ။

ပြီးတော့ ပရတ်ဆွန်ခွန်းပြောခဲ့သလို မြန်မာ့နိုင်ငံရေးပြဿနာဟာ ဘာရှုပ်ထွေးမှုမှမရှိပါဘူး။စစ်အုပ်စု ဟာ မြန်မာပြည်သူတွေရဲ့မှန်ကန်ဖြောင့်မတ်တဲ့ရွေးကောက်ပွဲရလဒ်ကို ပြောင်ပြောင်တင်းတင်းအာဏာသိမ်းခဲ့ တာ အင်မတန်ရှင်းလှပါတယ်။အခုနွေဦးတော်လှန်ရေးဆိုတာ အာဏာသိမ်းတာကိုလက်မခံနိုင်လို့ ဖြစ်လာ တာဆိုတော့ အာဏာသိမ်းတာကိုပြန်ရုပ်သိမ်းပြီး ကျူးလွန်သူတွေ၊ကိုယ့်တာဝန်ကိုယ်ခံပြီးအရပ် သားအစိုး ရကို အာဏာပြန်အပ်လိုက်ရင် ရိုးရှင်းစွာ တစ်စိတ်တစ်ပိုင်းပွဲပြီးသွားမှာပါ။ပြောရမယ်ဆိုရင် စစ်အုပ် စုဟာ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လက်ခံဖော်ဆောင်လိုက်ရင် အခုငရဲထဲနစ်နေတဲ့ တိုင်းပြည်ဟာ မျှော်လင့်ချက်တွေ ပြန်လင်းလက်လာမှာပါ။

ပြီးတော့ ပရတ်ဆွန်ခွန်းပြောခဲ့တဲ့ မြန်မာနိုင်ငံက မတူကွဲပြားတဲ့အဖွဲ့အစည်းတွေရဲ့အဓိကကျတဲ့ ပု ဂ္ဂိုလ်တွေအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ခဲ့တယ်ဆိုတဲ့စကား ကလည်း နားလည်ရခက်လှပါတယ်။

မတူကွဲပြားတဲ့အဖွဲ့အစည်းတွေရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေကစေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်မဖြစ်သေး ဘူးလို့ပြောရအောင် ပရတ်ဆွန်ခွန်းရဲ့ ခရီးစဉ်မှာ ဒီမိုကရေစီအင်အားစုထဲက အရေးပါတဲ့ဘယ်သူနဲ့မှ တွေ့ခွင့် ရခြင်းမျိုးမရှိခဲ့ပါဘူး။ပရတ်ဆွန်ခွန်းတွေ့ခွင့်ရခဲ့တဲ့ ဦးကိုကိုကြီးနဲ့ပြည်သူ့ပါတီဆိုတာ ၂၀၂၀ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်ခုကိုတောင် ကိုယ်စားပြုအနိုင်မရခဲ့တဲ့ ပါတီငယ်လေးသာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက် ကိုင်တချို့နဲ့ တွေ့ဆုံဖို့ကိုလည်း ဘာ့ကြောင့်မှန်းမသိ ပရတ်ဆွန်ခွန်းမလာခင်ကတည်းက ပယ်ဖျက်ခဲ့ပြီးသား မို့ ဘယ်လိုအာရုံခံစားမှုတွေနဲ့ မတူကွဲပြားတဲ့အဖွဲ့တွေရဲ့ သဘောထားကို အခုလိုကောက်ချက်ချခဲ့ပါသလဲ။မင်း အောင်လှိုင်ရဲ့ပြောစကားနဲ့ မင်းအောင်လှိုင်ဘက်ခြမ်းကပြောစကားတွေကို အခြေခံကောက်ချက်ဆွဲခဲ့သ လား လို့ စဉ်းစားစရာပါ။

တကယ်တော့ ဟွန်ဆန်နဲ့ပရတ်ဆွန်ခွန်းကိုယ်တိုင်ကိုက အာဆီယံမူ၅ရပ်ကိုကိုင်တွယ်ရာမှာ မင်း အောင်လှိုင်နဲ့စစ်အုပ်စုရဲ့ အခန်းကဏ္ဍသာ ပဓာနဆိုတဲ့အမြင်နဲ့ တစ်ဖက်သတ်ဆက်ဆံရေးထူထောင် ခဲ့ ပြီး ဒီနေ့အချိန်ထိ အရေးပါတဲ့အတိုက်အခံအင်အားစုဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံမှုမရှိခဲ့ပါဘူး။ အဲဒါကိုကြည့် လိုက်ရင် တွေ့ဆုံဆွေးနွေးရေးမှာ စစ်အုပ်စုရဲ့သဘောထားဟာ အဓိကကျတယ်လို့ ရှုမြင်နေတာငြင်းမရပါ ဘူး။ကွန်ပျူတာကလစ်လေးတစ်ချက်နှိပ်လိုက်ရင် ဘယ်သူနဲ့မဆို တွေ့လို့ရနေတဲ့ခေတ်မှာ ဒီနေ့ထိတိုင် အ ရေးပါတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံခြင်းမရှိတာ ဘာ့ကြောင့်ပါလဲ။အာဆီယံတင်မက နိုင်ငံတကာ ကပါ အာဆီယံအထူးသံတမန်ကို မြန်မာ့နိုင်ငံရေးမှာအရေးပါတဲ့ဘက်အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လွှဲ အပ်ထားတာပါ။

ဒီမိုကရေစီရေးအင်အားစုတွေဟာ ဒီနေ့ထိတိုင် အာဆီယံမူ၅ရပ်ကိုလက်မခံဘူးလို့ ဘယ်သူ ကမှ မငြင်းခဲ့သလို မူ၅ရပ်အပေါ်အခြေခံတဲ့ စစ်မှန်တဲ့ညှိနှိုင်းမှုကို လက်မခံဘူးလို့ မပြောခဲ့ပါဘူး။အမျိုးသားညီညွတ် ရေးအစိုးရက ပရတ်ဆွန်ခွန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့အကြမ်းဖက် လုပ်ရပ်တွေ ချက်ချင်းရပ်တန့် စေရေး တွန်းအားပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအ စိုး ရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းရှိ အစိုးရမဟုတ်တဲ့ အဖွဲ့အ စည်း တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကတစ်ဆင့်သာ ပေးပို့ဖို့၊ ငြိမ်းချမ်းတဲ့ ရလဒ်တွေကို ရှာဖွေရာမှာ ပြည် သူ တွေရဲ့ အကျိုးစီးပွားနဲ့ လိုလားချက်တွေကို အခြေခံဖို့ စတဲ့အချက်တွေသာအဓိကထား တောင်း ဆိုထားပြီး NUG အနေနဲ့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အသင့်ရှိကြောင်း ထုတ်ပြန်ထားတာသာရှိပါ တယ်။

ဆိုလိုတာကပရတ်ဆွန်ခွန်းပြောတဲ့ မတူကွဲပြားတဲ့အဖွဲ့တွေက စေ့စပ်ညှိနှိုင်းဖို့အဆင်သင့်မဖြစ်သေး ဘူးဆိုတာပရတ်ဆွန်ခွန်း တစ်ဖက်သတ်ထင်မြင်ချက်မျှသာဖြစ်ပါတယ်။ပရတ်ဆွန်ခွန်းရဲ့အဲဒီစကားကို ထပ်ပြီး ချဲ့ တွေးကြည့်လိုက်ရင် ညှိနှိုင်းမှုကိုလက်မခံတာ စစ် အုပ်စု တစ်ခုတည်းသာမဟုတ်ကြောင်းစစ်အုပ်စုဘက်က ရှေ့နေလိုက်ပေးနေ သလားဆိုတဲ့ သံသယအထိ ရောက်ပါတယ်။

ပရတ်ဆွန်ခွန်းရဲ့ခရီးစဉ်ကိုချုပ်လိုက်ရင် ပြောစရာဆိုစရာဆိုလို့မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေး တွေဆောင် ရွက် တဲ့အခါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့အတွက် တောင်းဆိုခဲ့တယ်ဆိုတာနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို မျှမျှတတဖြန့်ဝေပေးနိုင်ရေး ဆွေးနွေးဖို့ သက်ဆိုင်သူ တွေအား လုံးပါ ဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ဒါမှ မဟုတ် မေလမှာလုပ်ဖို့ အဆိုပြုထားတယ်ဆိုတာပဲရှိပါတယ်။

အဲဒီနှစ်ချက်စလုံးကလည်း နေ့စဉ်မူးယစ်ရမ်းကားနေရတာကြိုက်တဲ့ အရက်သမားတစ်ယောက်ကို ဥပုသ်သီလဆောက်တည်ဖို့ တောင်းဆိုနေသလိုမို့ မင်းအောင်လှိုင်အကြောင်းမသိချင်ယောင်ဆောင်နေတာ လားလို့သာ မေးခွန်းထုတ်ရပါတော့မယ်။

လင်းခေတ်